ရန်ကုန်
၊ သြဂုတ် - ၂၀ ။ ။ မြန်မာနိုင်ငံ၏
ထိပ်တန်း ကုမ္ပဏီ အများ စု ပါဝင် ဖွဲ့စည်း ထားသည့်
မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်အများ ပိုင်ကုမ္ပဏီ လီမိတက်မှ အစုရှယ် ယာများ ရောင်းချ
သွားမည် ဖြစ်ပြီး တစ်စုလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် မည်သူ မဆို လွတ်လပ်စွာ ဝယ်ယူ
နိုင်မည် ဖြစ်ကြောင်း အဆိုပါ အများပိုင် ကုမ္ပဏီ လီမိတက်မှ ပြောရေး ဆိုခွင့် ရှိသူ ဦးကျော်တင့်ဆွေက
ပြောသည်။
အဆိုပါ
အများပိုင် ကုမ္ပဏီ လီမိတက်မှ အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာ တစ်နိုင်ငံ လုံးသို့
ဆက်သွယ်ရေး အခြေခံ အဆောက်အဦများ တည်ဆောက်မည့် လုပ်ငန်းအား လုပ်ကိုင် သွားမည် ဖြစ်ပြီး
အစုရှယ်ယာ ဝယ်ယူ နိုင်ခြင်းအား ကန့်သတ် ထားခြင်း မရှိဘဲ အစု ရှယ်ယာ အနည်းဆုံး ငါးထောင်စု
(မူရင်း တန်ဖိုး ကျပ်သန်း ငါးဆယ်) ဝယ်ယူ ပိုင်ဆိုင် ထားသည့် အစု ရှယ်ယာ တစ်ဦးသည် ဒါရိုက်တာအဖြစ်
ဝင်ရောက် ရွေးချယ်ပိုင်ခွင့် ရှိကြောင်း သိရသည်။ ''ကျွန်တော်တို့စု ပေါင်းဖွဲ့ စည်းထားတဲ့
အများပိုင် ကုမ္ပဏီ လီမိ တက်မှာ သတ်မှတ် မတည်ရင်း နှီးငွေ ကျပ်သိန်းပေါင်း တစ်သိန်း
နဲ့စမှာ ဖြစ်ပါတယ်။ စုပေါင်းထား တဲ့ကုမ္ပဏီ အားလုံးက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်
နေကြတဲ့ ကုမ္ပဏီကြီးတွေပါပဲ။ မြန်မာနိုင်ငံမှာ ဆက် သွယ်ရေး ကွန်ရက်တွေ ဖွံ့ဖြိုး တိုးတက်
လာဖို့အတွက် ဆက်သွယ်ရေး အခြေခံ အဆောက်အ ဦ တည်ဆောက်မယ့် အပိုင်းကို ဆောင်ရွက် ပေးသွားမှာ
ဖြစ်တယ်။ ဒီအတွက်လဲ အများ ပြည်သူ ပါဝင်လာအောင် တန်ဖိုး တစ်သောင်း သတ်မှတ်ပြီး အစုရှယ်
ယာတွေရောင်းမှာပါ''ဟု ဦးကျော်တင့် ဆွေက ပြောသည်။
ယင်း
အများပိုင် ကုမ္ပဏီလီ မိတက် အနေဖြင့် အဖိုးနှုန်းချိုသာ စိတ်ချရသည့် 3Gz နှင့်4Gကွန် ရက် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းများ၊
အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၊ Voice
Over IP (VOIP) လုပ်ငန်းများ၊ တီဗွီ၊ ဗီဒီယိုစသည့် Broadcasting လုပ်ငန်းများ၊ အင်တာ နေရှင်နယ် Roaming နှင့် အင်တာနေရှင်နယ်
ကောလ်လုပ်ငန်းများ၊ ဆက်သွယ် ရေး ကွန်ရက် ဒီဇိုင်း ရေးဆွဲခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု
အတွက်သာ အခြေခံ အဆောက်အ ဦတည် ဆောက်ခြင်း၊ ဒေတာစင်တာများ တည်ဆောက်ခြင်း အစ ရှိသည့် လုပ်ငန်း
များကို လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။
No comments:
Post a Comment