လွန်ခဲ့သောနှစ်ပေါင်း ၄၀ နီးပါးခန့်က မဂ္ဂဇင်းစာအုပ်တစ်အုပ်တွင်
အဖြူ/အမည်း ဓာတ်ပုံတစ်ပုံကို မှတ်မှတ်သားသား ကြည့်ရူခဲ့ဖူးပါသည်။
ဓာတ်ပုံထဲတွင် လူလေးငါးဆယ်ခန့် မတ်တပ်ရပ်နေကျပြီး လက်များကိုမြှောက်လျက်
ပုံသဏ္ဍာန် အမျိုးမျိုးသော လက်ချောင်းလေးများကို အချို့လည်း မိမိဘက်လှည်ပြီး
အချို့မှာ ဆန့်ကျင်ဘက်သို့လှည်ကာ ထောင်ထားကြပါသည်။ ဓာတ်ပုံအောက်တွင်
“ဟောင်ကောင် စတော့အိတ်ချိန်းတွင် ရှယ်ယာများရောင်းဝယ်နေကြပုံ” ဟု ရေးထားရာ
စတော့အိတ်ချိန်စင်တာထဲတွင် မိမိရောင်းချင်၊ ၀ယ်ချင်သည်များကို
လက်သင်္ကေတများပြ၍ ရောင်းကြ ၀ယ်ကြခြင်းဖြစ်ပါသည်။
အင်တာနက်ထွန်းကားလာသော ယနေခေတ်တွင်မူ စတော့အိတ်ချိန်းစင်တာကြီးထဲသို့
လူကိုယ်တိုင်သွားရောက်၍ ရောင်းမည်သူ ၀ယ်မည်သူရှာဖွေကာ
ရောင်းဝယ်စရာမလိုတော့ပါ။ မိမိအိမ်မှာပင် လှမ်း၍၀ယ်လို့ ရောင်းလို့
ရနေပါပြီ။
ရင်းနှီမြှပ်နှံနိုင်သော၊ ရောင်းဝယ်နိုင်သော ကဏ္ဍကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကျွှန်တော်တို့ နိုင်ငံတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” က လက်ရှိ ထုတ်ရောင်းထားသော အစိုးရငွေတိုက် စာချုပ်အမျိုးအစားနှင့် အတိုးနှုန်းများမှာ သက်တမ်း(၂) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ၁၀ သန်းအတွက် အတိုးနှုန်း ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ သက်တမ်း( ၃) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ၁၀ သန်းအတွက် အတိုးနှုန်း ၁၁ ဒသမ ၀၀ ရာခိုင်နှုန်းနှင့် သက်တမ်း(၅) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊၁၀ သန်းအတွက် အတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါသည်။
အဆိုပါငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံသားတိုင်း တစ်ဦးတစ်ယောက်မှတစ်ဦးတစ်ယောက်သို့ အကန့်အသတ်မရှိ လွတ်လပ်စွာ ရောင်းချခွင့် ၀ယ်ယူခွင့်ရှိပါသည်။ အစိုးရ ငွေတိုက်စာချုပ်ဟုဆိုရာတွင် အစိုးရငွေတိုက်စာချုပ်အပြင် အစိုးရ ငွေတိုက် လက်မှတ်/ငွေချေးစာချုပ်များ/ ဒီဗင်ချာများလည်း ပါရှိပါသည်။ ၎င်းအပြင် ပြည်တွင်းသာမက နိုင်ငံခြားအစိုးရနှင့် ယင်းတို့၏ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ဝေသော ငွေတိုက်စာချုပ် ငွေချေးစာချုပ်များလည်း ပါဝင်ပါသည်။ ၎င်းတို့ကို (Bond Market) ဟုခေါ်ပါသည်။ ဆုံးရှုံးနိုင်ခြေ နည်းပါးပြီး ခိုင်မာမှု ရှိပါသည်။
ကုမ္ပဏီများတွင် ပုဂ္ဂလိကပိုင် (Private Co.,Ltd) နှင့် အများပိုင် (Public Co.,Ltd)ဟူ၍ နှစ်မျိုးရှိပါသည်။ အများပိုင်ကုမ္ပဏီများကသာ အများပြည်သူသို့ရှယ်ယာများ ထုတ်ဝေရောင်းချခွင့်ရှိပါသည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီများအနေဖြင့် အများပြည်သူသို့ ရှယ်ယာများ ထုတ်ဝေရောင်းချခွင့်မရှိပါ။
ယခုအခါ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေကိုင်ဆောင်ခွင့်၊ လဲလှယ်ပေးသည့် ငွေလဲကောင်တာ ဖွင့်လှစ်ခွင့်၊ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်၊ ပြည်သူတစ်ဦးချင်းစီအား နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခွင့်များကို အဆင့်ဆင့်ခွင့်ပြုပေးခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ၈ ဒသမ ၅၀၈၄၇ ကျပ်ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့သည် စနစ်မှ ထိန်းကျောင်းမှူရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ်သို့ ၂၀၁၂ ဧပြီလ ၂ ရက်မှ စတင်ကာ ပြောင်းလဲပေးခဲ့ပါသည်။ အထက်ပါအကြောင်းအချက်များသည် မြန်မာနိုင်ငံတွင် Stock Exchange ထူထောင်ရန်အတွက် ကြိုတင်ပြုပြင်ပြောင်းလဲ ပြင်ဆင်ချက်များပင်ဖြစ်သည့်ဟု ဆိုရပါမည်။
ယခုအခါတွင် နိုင်ငံခြားငွေများအား လွတ်လပ်စွာလဲလှယ်နိုင်ပြီး ဖြစ်သော်လည်း ကမ္ဘာဈေးကွက်နှင့် ချိတ်ဆက်၍ ရောင်းဝယ်နိုင်မှုမရှိသေးပါ။ ထို့အတူ ကုန်ပစ္စည်းများ ရောင်းဝယ်သော ဈေးကွက်နှင့် အဖိုးတန်သတ္တုများ ရောင်းဝယ်သော ဈေးကွက်များလည်း မြန်မာနိုင်ငံတွင် လုံးဝမရှိသေးပါ။
ဤ Currency Market သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး Market ကြီးဖြစ်ပါသည်။ တစ်စက္ကန့်အတွင်း မရေမတွက်နိုင်လောက်သော ငွေကြေးပမာဏများဖြင့် လူပေါင်းများစွာ မြန်မာနိုင်ငံတွင် လုံးဝမရှိသေးပါ။
Currency Market တွင် ကမ္ဘာ၌ အဓိကရောင်းဝယ်နေကြသော ငွေပမဏများမှာ အမေရိကန်ဒေါ်လာ၊ ပေါင်စတာလင်၊ ယူရိုငွေနှင့် ဂျပန်းယန်းငွေ စသည်တို့ ဖြစ်ကြပါသည်။ နိုင်ငံခြားငွေ (Foreing Exchange) ကို အတိုကောက်အားဖြင့် Forex ဟု ခေါ်ဆိုကြပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း Exchange ဒိုင် မရှိသေးသည့် အတွက် ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများကို ၀ယ်ယူ၍ မရနိုင်သေးပါ။ ကုန်ပစ္စည်း Exchange ဒိုင်ပေါ်ပေါက်လာပြီဆိုပါလျှင် မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ပစ္စည်းများဖြစ်သော ဆန်စပါး၊ ပဲအမျိုးမျိုး စသည့်တို့ကို Exchange ဒိုင်ဈေးကွက်အတွင်းမှ ၀ယ်ခြင်း၊ ရောင်းခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွှက်နိုင်ပါလိမ့်မည်။
ဘဏ်မှပေးပို့လိုက်သော ရောင်းဝယ်မှုအချက်အလက်သည် စတော့အိတ်ချိန်းစင်တာထဲရှိ အလိုအလျှောက် တွက်ချက်ပေးသည် (ကွန်ပျူတာ) စက်ထဲသို့ ရောက်ရှိသွားပြီးသည်နှင့် ရောင်းဈေးနှင့် ၀ယ်ဈေး ကိုက်ညီပါက အရောင်းအ၀ယ်ပြီးမြောက်သည်။ (ငွေဖြစ်လွယ်သည် သဘောပင်ဖြစ်ပါသည်) များပြားလှစွာသောလူများမှ များပြားလှစွာသော ငွေကြေးပမာဏများဖြင့် ရောင်းဝယ်နေကြရာ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် တစ်စက္ကန်အတွင်း ဈေးနှုန်းများ အကြိမ်များစွာ ပြောင်းလဲဖြစ်ပေါ်နေပါသည်။( ၀ယ်လိုအား၊ ရောင်းလိုအားနှင့် ထိန်းညှိပေးထားခြင်းစသော အချက်သုံးချက်စု ဆုံလိုက်သောအခါ ဈေးနှုန်းသည် အချိန်နှင့် အမျှ ဤကဲ့သို့ ပြောင်းလဲနေရခြင်းဖြစ်ပါသည်။)
အရောင်းအ၀ယ် ပြီးမြောက်ပြီးနောက် မိမိရောင်းဝယ်လိုက်သော ဘဏ်နှင့်စတော့အိတ်ချိန်း၏ ငွေစာရင်းရှင်းလင်းရေးဌာနသို့ ချိတ်ဆက်လျှက် ငွေစာရင်းရှင်းလင်းခြင်း၊စတော့ရှယ်ယာရောင်းဝယ်ခြင်းဆိုပါကလည်း စတော့ရှယ်ယာများလွှဲပြောင်းခြင်း စသည်တို့ကို ဆောင်ရွှက်ပေးကြပါသည်။ ထို့ကြောင့် မိမိ ကိုယ်တိုင် ရောင်းဝယ်မှူပြုသည်ထက် အကျိုးဆောင်ပွဲစားများဖြင့် ဆောင်ရွက်ခြင်းက ငွေကုန်အချိန်ကုန် သက်သာစေပါသည်။
ပွဲစားများ ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီမှသာ ပွဲစားဆောင်ရွှက်ခွင့် ရှိကြပါသည်။ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ အရည်အချင်း စစ်ဆေးမှု ခံယူကြရပါမည်။ အောင်မြင်မှသာ ပွဲစားလုပ်ငန်း လုပ်ကိုင်ခွင့်ရကြပါသည်။ ပွဲစားတို့သည် သတ်မှတ်ပေးထားသော ကော်မရှင်ခ (ပွဲခ) ရကြပါသည်။ ပွဲစားများတွင် ကော်မရှင်ခများများပေးရသောပွဲစားနှင့် ကော်မရှင်ခ သက်သာသောပွဲစားများဟူ၍ ရှိကြရာ ပထမတစ်မျိုးတွင် အရောင်းအ၀ယ်များကို ကဏ္ဍအလိုက် စိစစ်ဝေဖန်သုံးသပ်သော ကိုယ်ပိုင်အဖွဲ့များ ရှိကြပါသည်။၎င်းအဖွဲ့များသည် ဈေးကွက်အခြေအနေများကို အချိန်နှင့်အမျှ ဝေဖန်သုံးသပ်လျက်ရှိနေကြပါသည်။ သို့ဖြစ်၍ ဖောက်သည်များကို ရောင်းခြင်း၊ ၀ယ်ခြင်းနှင့် ပတ်သက်၍ အကြံညဏ်များပေးပါသည်။ အချိန်ပေး၍ ရှင်းပြခြင်း၊ ဆွေးနွေးခြင်းပြုကြပါသည်။ ကော်မရှင်ခ (ပွဲခ) များများပေးရပါသည်။
ဒုတိယတစ်မျိုးမှမူ ဖောက်သည်က ဆောင်ရွက်ပေးပါသည်။ ရောင်းရေးဝယ်တာ ကိစ္စနှင့်ပတ်သက်၍ ဖောက်သည်ကို မည်သည့်အကြံညဏ်မျှမပေးပါ။ ကော်မရှင်ခလျှော့ယူသဖြင့် သက်သာပါသည်။
စတော့ရှုယ်ယာများကို တစ်ဦးတစ်ယောက်ချင်းကိုယ်တိုင် ၀ယ်ခြင်း၊ ရောင်းခြင်း ဆောင်ရွှက်နိုင်သော်လည်း မိမိရောင်းမည့် ရှယ်ယာကို ၀ယ်မည့်သူ၊ မိမိလိုချင်သော ရှယ်ယာကို ရောင်းမည်သူအား ကိုယ်တိုင်ရှာဖွေ တွေ့ရှိနိုင်ရန် ခက်ခဲခြင်း၊ တွေ့ရှိသည့်တိုင် ၀ယ်မည်ရော့င်းမည့် အရေအတွက်တူညီရန် ခက်ခဲခြင်း၊ ယုံကြည်ရမူ ရှိ/ မရှိ သိရှိနိုင်ရန် ခက်ခဲခြင်း၊ အရောင်းအ၀ယ်ဖြစ်သည့်တိုင် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် စတော့ရှယ်ယာရောင်းဝယ်ခြင်းလောကတွင် ပွဲစားသည် မဖြစ်မနေလိုအပ်လာခဲ့ပါသည်။
ယခုအခါတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေကြေး ကိုင်ဆောင်လဲလှယ်ခွင့်ပေးခြင်း၊ နိုင်ငံခြားငွေကို နိုင်ငံရပ်ခြားတိုင်းပြည်များနှင့် ငွေလွှဲပိုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ယခုနောက်ဆုံး အများပြည်သူ မည်သူကိုမဆို နိုင်ငံခြားငွေစာရင်း အလွယ်တကူ ဖွင့်လှစ်ခွင်ပြုခြင်းများ ခွင့်ပြုလာခဲပပါသည်။ ဤသည်မှာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ငွေကြေးလုပ်ငန်းများ၊ စတော့အိတ်ချိန်း ပေါ်ပေါက်လာပြီး စတော့ရှယ်ယာ ရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လာနိုင်ပြီဆိုသည့် သဘောပင်ဖြစ်ပါသည်။
ပြည်သူအများ လေ့လာသိရှိအကြံပြုနိုင်ရေးအတွက် ၁၅-၇-၂၀၁၂ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်း ပေါ်ထွက်လာခဲ့ပါသည်။ အဆိုပါ ဥပဒေကို အတည်ပြုပြီးသည့်နောက် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ရေးဆွဲရဦးမည် ဖြစ်ပါသည်။ ပြီးမှသာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်သော လုပ်ငန်းခွင်ဆိုင်ရာများကို ဘဏ်ဝန်ထမ်းများအား သင်ကြားလေ့ကျင့်ပေးနိုင်ပါလိမ့်မည်။ စတော့အိတ်ချိန်းများ ဖွင့်လှစ်ရန်အဆင့်သင်ဖြစ်ချိန်နှင့် ဘဏ်များ၊ တစ်နည်းအားဖြင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများလုပ်ငန်းဆောင်ရွက်ရန် အစစအရာရာ အဆင်သင့်ဖြစ်ချိန်မှာ တစ်ထပ်တည်းလိုလိုဖြစ်ဖို့ လိုမည်ဟုထင်ပါသည်။
ကမ္ဘာပေါ်တွင် စတော့အိတ်ချိန်းများ စတင်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ကျော်ခဲ့ပြီးဖြစ်သော်လည်း ယနေ့ခေတ်အချိန်ခါကဲ့သို့ နေ့စဉ်ငွေကြေးတန်းဖိုး ကုဋေပေါင်းများစွာ အရောင်းအ၀ယ် ပြုလုပ်လာကြသည့်မှာ ဆယ်စုနှစ်အနည်းငယ်မျှသာ ရှိပါသေးသည်။ ဤအခြေနေသို့ရောက်အောင် ဦးဆောင်ကြိုးပမ်းသူမှာ အမေရိကန်နိုင်ငံ နယူးယောက်စတော့အိတ်ချိန်းကို အခြေပြု၍ စတော့ရှယ်ယာ အရောင်းအ၀ယ်လုပ်ငန်း ပွဲစားအလုပ်ကို လုပ်ကိုင်ခဲ့သည့် “ ချားလ်စ်အီမာရီးလ်” ဆိုသူပင် ဖြစ်ပါသည်။
မည်သို့ပင် ဆိုစေကာမူ ဈေးကွက်အသီးသီးတွင် ၀င်ရောက်ရောင်းဝယ်ရင်းနှီးမြှပ်နှံကြသူများအဖို့ ဈေးကွက်အသီးသီးမှ အသီးအပွင့် အကျိုးအမြတ်များကို ခံစားရရှိရမည်မှာ သေချာပါသည်။
စတော့အိတ်ချိန်းများသည် အောက်ပါအကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါသည်။ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်း ၍ အများပြည်သူသို့ စတော့ရှယ်ယာများ ထုတ်ဝေရောင်းချခြင်းအားဖြင့် ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် လိုအပ်သောအရင်းအနှီများကို အကုန်အကျသက် သာစွာ ရရှိနိုင်ပါသည်။
အများပိုင် ကုမ္ပဏီများမှ ရရှိလာသော အရင်းအနှီးများဖြင့် လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ကြရာ ပြည်သူလူထုအတွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေပါသည်။ ပြည်သူလူထုအတွင်း၌လည်း ရင်းနှီးမြှပ်နှံမူလုပ်ငန်း အသစ်များပေါ်ပေါက် လာစေပါသည်။ ပင်စင်စားများနှင့် သင့်လျော်သော ဈေးကွက်၊ အ့ရင်းအနှီးနည်းပါးသူများနှင့် သင့်လျော်သော ဈေးကွက်များလည်း အသီးသီးရှိကြပါသည်။
ထိန်းကျောင်းပဲ့ကိုင်မှူ စနစ်ကောင်းသည်နှင့်အမျှ လိမ်လည်မူများလည်း ကင်းဝေးမည်ဖြစ ၍ စိတ်ချလက်ချ တရားဝင်ရောင်းဝယ် ရင်းနှီမြှပ်နှံ နိုင်ကြမည်ဖြစ်ပါသည်။
ပြည်သူလူထုအနေဖြင့် ဈေးကွက်အသီးသီးတွင် ၀င်ရောက်ရင်းနှီးမြှပ်နှံလာမူကြောင့် ငွေဖောင်းပွမူကို လျော့ကျစေပါသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ၏ ရှယ်ယာများကို ဈေးကွက်အတွင်း ထုတ်ဝေရောင်းချခြင်းအားဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သော အရင်းအနှီးကို ပြည်သူလူထုထံမှ လွယ်ကူစွာ ရရှိစေနိုင်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခွန်ငွေတိုးပွားလာမည်ဖြစ် ၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် လူနေမူအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ပါသည်။ များမကြာမီ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းများ ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။
စတော့အိတ်ချိန်းများသည် နိုင်ငံတစ်နိုင်ငံတွင် ရှိသင့်ရှိထိုက်သော အရာများပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအတွက်ရော အများပြည် သူတို့အတွက်ပါ လွန်စွာအကျိုးများစေသည့် အရာများလည်း ဖြစ်ပါသည်။ ကမ္ဘာ့ရွာစီးပွားရေး လောကအတွင်းသို့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများပါ ပါဝင်ခွင့်ရသွားသည့် သဘောပင်ဖြစ်ပါသည်။
ရောင်းခြင်း၊ ၀ယ်ခြင်း ရင်းနှီးမြှပ်နှံခြင်း စသည့် ပညာရပ်များ၊ ဆုံးရှူံးနစ်နာနိုင်ခြေကို ကာကွယ်နိုင်သည့် နည်းလမ်းများသည် ပညာရပ်များ သည် ပညာရပ်များအနေဖြင့် ရှိနေပါသည်။ စတော့အိတ်ချိန်းများပေါ်ပေါက်လာပါက ဤလောကအတွင်းသို့ ၀င်ရောက်မည်ဟု မျှော်မှန်းထားကြသူများအဖို့ အထက်ပါပညာရပ်များကို ယခုကတည်းက ကြိုတင်လျှက် လေ့လာဆည်းပူးထားသင့်ပါပြီးဟု အကြံပြုအပ်ပါ သည်။

စတော့အိတ်ချိန်းအရောင်းအဝယ် မြင်ကွင်း
ရင်းနှီမြှပ်နှံနိုင်သော၊ ရောင်းဝယ်နိုင်သော ကဏ္ဍကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အစိုးရငွေတိုက် စာချုပ်များ (Bonds)
- အများပိုင်ကုမ္ပဏီများမှ ထုတ်ဝေရောင်းချသောအစုရှယ်ယာများ (Share)
- နိုင်ငံခြားငွေကြေးများ (Foreign Exchange)
- ကုန်ပစ္စည်းများ (Commodities)
- အဖိုးတန်သတ္တုများ (Precious Metal)
အစိုးရငွေတိုက် စာချုပ်များ( Bonds)
အစိုးရက ပြည်သူလူထုထံမှ ငွေချေးယူနည်းတစ်မျိုးပင်ဖြစ်ပါသည်။ ငွေတိုက်စာချုပ် (တန်းဖိုးတစ်ခုခု) ၀ယ်ယူထားသူအနေဖြင့် အတိုးရပါသည်။ ဘဏ်တွင်ငွေစာအုပ် (Saving)ဖြင့် ငွေစုလျှင်လည်း အတိုးရပါသည်။ ငွေစုစာအုပ်ဖြင့် ငွေစုလျှင် ငွေအသွင်း အထုတ်ကို ငွေစုသူအနေဖြင့် ကာလကန့်သတ်ချက်၊ ပမာဏကန့်သတ်ချက်မရှိ ကြိုက်သလောက်ပြုလုပ်ဆောင်ရွှက်ခွင့် ရှိသော်လည်း ငွေတိုက်စာချုပ် ၀ယ်ယူထားသူအနေဖြင့် သတ်မှတ်ထားသော အချိန်ကာလမရောက်မချင်း ငွေပြန်ထုတ်ယူခွင့် မရှိပါ။ကျွှန်တော်တို့ နိုင်ငံတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” က လက်ရှိ ထုတ်ရောင်းထားသော အစိုးရငွေတိုက် စာချုပ်အမျိုးအစားနှင့် အတိုးနှုန်းများမှာ သက်တမ်း(၂) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ၁၀ သန်းအတွက် အတိုးနှုန်း ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ သက်တမ်း( ၃) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ၁၀ သန်းအတွက် အတိုးနှုန်း ၁၁ ဒသမ ၀၀ ရာခိုင်နှုန်းနှင့် သက်တမ်း(၅) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊၁၀ သန်းအတွက် အတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါသည်။
အဆိုပါငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံသားတိုင်း တစ်ဦးတစ်ယောက်မှတစ်ဦးတစ်ယောက်သို့ အကန့်အသတ်မရှိ လွတ်လပ်စွာ ရောင်းချခွင့် ၀ယ်ယူခွင့်ရှိပါသည်။ အစိုးရ ငွေတိုက်စာချုပ်ဟုဆိုရာတွင် အစိုးရငွေတိုက်စာချုပ်အပြင် အစိုးရ ငွေတိုက် လက်မှတ်/ငွေချေးစာချုပ်များ/ ဒီဗင်ချာများလည်း ပါရှိပါသည်။ ၎င်းအပြင် ပြည်တွင်းသာမက နိုင်ငံခြားအစိုးရနှင့် ယင်းတို့၏ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ဝေသော ငွေတိုက်စာချုပ် ငွေချေးစာချုပ်များလည်း ပါဝင်ပါသည်။ ၎င်းတို့ကို (Bond Market) ဟုခေါ်ပါသည်။ ဆုံးရှုံးနိုင်ခြေ နည်းပါးပြီး ခိုင်မာမှု ရှိပါသည်။
အများပိုင်ကုမ္ပဏီများမှ ထုတ်ဝေရောင်းချသော ရှယ်ယာများ (Shares)
ကုမ္ပဏီများမှ အများပြည်သူထံမှ ငွေချေးယူနည်းတစ်မျိုးပင်ဖြစ်ပါသည်။ အစိုးရငွေတိုက်စာချုပ်များနှင့် ကွာခြားချက်မှာ အစိုးရငွေတိုက်စာချုပ်များသည် အချိန်စေ့ရောက်ပါက ငွေပြန်အမ်းပေးရပါသည်။ ကုမ္ပဏီများက အများပြည်သူသို ထုတ်ရောင်းထားသော ရှယ်ယာများအတွက် ကုမ္ပဏီကို စာရင်းရှင်းဖျက်သိမ်းခြင်း မပြုရမချင်း ငွေပြန်ပေးစရာမလိုပါ။ ၀င်ရောက်ရင်နှီးမြှပ်နှံမှုပြုမည့် ကုမ္ပဏီကိုသေချာစွာ စိစစ်သုံးသပ်နိုင်ရန် အလွန်အရေးကြီးပါသည်။ကုမ္ပဏီများတွင် ပုဂ္ဂလိကပိုင် (Private Co.,Ltd) နှင့် အများပိုင် (Public Co.,Ltd)ဟူ၍ နှစ်မျိုးရှိပါသည်။ အများပိုင်ကုမ္ပဏီများကသာ အများပြည်သူသို့ရှယ်ယာများ ထုတ်ဝေရောင်းချခွင့်ရှိပါသည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီများအနေဖြင့် အများပြည်သူသို့ ရှယ်ယာများ ထုတ်ဝေရောင်းချခွင့်မရှိပါ။
နိုင်ငံခြားငွေကြေးများ (Foreign Exchange)
အထက်တွင် တင်ပြခဲ့သော အစိုးရငွေတိုက်စာချုပ်များနှင့် ကုမ္ပဏီတို့၏ အစုရှယ်ရာများရောင်းဝယ်ခြင်းတို့မှာ ယခုအခါ မြန်မာနိုင်ငံတွင် Stock Exchange မရှိသေးသော်လည်း MSEC မှ (Over The Counter ဈေးကွက်တွင်) တာဝန်ယူရောင်းချပေးနေမှုကြောင့် မြန်မာနိုင်ငံတွင် လွန်စွာတွင်ကျယ်မှု မရှိသေးသော်လည်း အရောင်းအ၀ယ်ရှိနေပြီးဟု ဆို၇ပါမည်။ယခုအခါ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေကိုင်ဆောင်ခွင့်၊ လဲလှယ်ပေးသည့် ငွေလဲကောင်တာ ဖွင့်လှစ်ခွင့်၊ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်၊ ပြည်သူတစ်ဦးချင်းစီအား နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခွင့်များကို အဆင့်ဆင့်ခွင့်ပြုပေးခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ၈ ဒသမ ၅၀၈၄၇ ကျပ်ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့သည် စနစ်မှ ထိန်းကျောင်းမှူရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ်သို့ ၂၀၁၂ ဧပြီလ ၂ ရက်မှ စတင်ကာ ပြောင်းလဲပေးခဲ့ပါသည်။ အထက်ပါအကြောင်းအချက်များသည် မြန်မာနိုင်ငံတွင် Stock Exchange ထူထောင်ရန်အတွက် ကြိုတင်ပြုပြင်ပြောင်းလဲ ပြင်ဆင်ချက်များပင်ဖြစ်သည့်ဟု ဆိုရပါမည်။
ယခုအခါတွင် နိုင်ငံခြားငွေများအား လွတ်လပ်စွာလဲလှယ်နိုင်ပြီး ဖြစ်သော်လည်း ကမ္ဘာဈေးကွက်နှင့် ချိတ်ဆက်၍ ရောင်းဝယ်နိုင်မှုမရှိသေးပါ။ ထို့အတူ ကုန်ပစ္စည်းများ ရောင်းဝယ်သော ဈေးကွက်နှင့် အဖိုးတန်သတ္တုများ ရောင်းဝယ်သော ဈေးကွက်များလည်း မြန်မာနိုင်ငံတွင် လုံးဝမရှိသေးပါ။
ဤ Currency Market သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး Market ကြီးဖြစ်ပါသည်။ တစ်စက္ကန့်အတွင်း မရေမတွက်နိုင်လောက်သော ငွေကြေးပမာဏများဖြင့် လူပေါင်းများစွာ မြန်မာနိုင်ငံတွင် လုံးဝမရှိသေးပါ။
Currency Market တွင် ကမ္ဘာ၌ အဓိကရောင်းဝယ်နေကြသော ငွေပမဏများမှာ အမေရိကန်ဒေါ်လာ၊ ပေါင်စတာလင်၊ ယူရိုငွေနှင့် ဂျပန်းယန်းငွေ စသည်တို့ ဖြစ်ကြပါသည်။ နိုင်ငံခြားငွေ (Foreing Exchange) ကို အတိုကောက်အားဖြင့် Forex ဟု ခေါ်ဆိုကြပါသည်။
ကုန်ပစ္စည်းများ ( Commodities)
ကုန်ပစ္စည်းများစွာတို့ကို ဈေးကွက်အတွင်းမှ ၀ယ်ယူရရှိနိုင်ပါသည်။ ဥပမာ-ဈေးကွက်အတွင်းမှ ဒီဇယ်ပီပါ အလုံး ၁၀၀၀ ၀ယ်ယူရာတွင် စာရွှက်ပေါ်တွင်သာ ၀ယ်ယူခြင်းဖြစ်ပြီး ပကတိအခြေအနေတွင် ဒီဇယ်များကို သွားသယ်ပြီး သိုလှောင်သိမ်းဆည်းထားစရာ မလိုအပ်ပါ။ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း Exchange ဒိုင် မရှိသေးသည့် အတွက် ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများကို ၀ယ်ယူ၍ မရနိုင်သေးပါ။ ကုန်ပစ္စည်း Exchange ဒိုင်ပေါ်ပေါက်လာပြီဆိုပါလျှင် မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ပစ္စည်းများဖြစ်သော ဆန်စပါး၊ ပဲအမျိုးမျိုး စသည့်တို့ကို Exchange ဒိုင်ဈေးကွက်အတွင်းမှ ၀ယ်ခြင်း၊ ရောင်းခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွှက်နိုင်ပါလိမ့်မည်။
အဖိုးတန်သတ္တုများ (Precious Meral)
ဈေးကွက်အတွင်းမှ ရွှေ၊ ပလက်တီနမ်၊ ငွေ ၊ကြေးနီ၊ သွပ်၊ အလူမီနီယမ် စသည့် သတ္တုများကိုလည်း ၀ယ်ယူရရှိနိုင်ပါသည်။ စာရွက်ပေါ်တင် ၀ယ်ယူခြင်းပင်ဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ ရောင်းဝယ်ပုံနှစ်မျိုး ရှိသည့်အနက် တစ်မျိုးမှာ ဈေးနှုန်းတစ်ခုတွင် ၀ယ်ယူထားပြီး ဈေးတက်သောအခါ ပြန်ရောင်းခြင်းဖြစ်ပါသည်။ ဈေးတက်သွားလျှင် မြတ်မည်ဖြစ်ပြီး ဈေးကျသွားလျှင် ရူံးမည်ဖြစ်ပါသည်။ ဤသည်ကို Long Buying ဟုခေါ်ပါသည်။ ဒုတိယ တစ်မျိုးမှာ အနာဂတ်ကာလအတွက် ကြိုရောင်း၊ ကြိုဝယ် ဈေးကွက် ( Derivative Market) တွင် ရောင်ဝယ်ခြင်းဖြစ်ပါသည်။ ဈေးနှုန်းတစ်ခုကို ကျမည်ဟု မှန်းထားရာ ၀ယ်ယူထားသော ဈေးနှုန်းထက် ကျဆင်းသွားပါက မြတ်စွန်းမည်ဖြစ်သည်။ဤသည်ကို Short Selling ဟု ခေါ်ပါသည်။ ဈေးကွက်အတွင်း ၀င်ရောက်၍ ၀ယ်ခြင်း၊ ရောင်းခြင်း ပြုလုပ်တော့မည်ဆိုလျှင် မည်သည့်နည်းနှင့် ၀ယ်/ရောင်း လုပ်မည်ကို ပွဲစား (Agent ) အား မှာကြားရာ၌ Long Buying လား Short Selling လား ခွဲခြားပြောဆိုရပါမည်။စတော့ရှယ်ရာရောင်းဝယ်ကြပုံများ
အရောင်းဝယ်ပြုမည်သူ တစ်ဦးသည် ပထမဦးစွာ အကျိုးဆောင်လုပ်ငန်း (ပွဲစား) များနှင့် ဆက်သွယ်ကြရပါသည်။ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြသူအများစုမှာ ဘဏ်များသာဖြစ်ကြသည်။ ပထမဦးစွာ ဘဏ်တွင် ငွေစုစာအုပ်(သို့မဟုတ်) Current Account စာရင်းဖွင့်ပြီး ငွေသွင်းရပါသည်။ ပြီးမှ အရောင်းအ၀ယ်ပြုလုပ်မည် စာရင်းတစ်ခုဖွင့်လှစ်ကာ ငွေစုစာအုပ် (သို့မဟုတ်) Current Account အတွင်းမှ အရောင်းအ၀ယ်ပြုလုပ်လိုသော ငွေပမာဏကို လွှဲယူပြီး အရောင်းအ၀ယ် ပြုလုပ်ကြခြင်းဖြစ်ပါသည်။ အရောင်းအ၀ယ် ပြုလုပ်ပြီးစီး၍ မြတ်စွန်းလာသော ငွေပမာဏကို အရောင်းအ၀ယ်ပြုလုပ်သော ငွေစာရင်းမှ ငွေစုစာအုပ်( သို့မဟုတ်) Current Account စာရင်းသို့ ပြန်လည်လွှဲပြောင်းယူကြပါသည်။ အဆိုပါငွေကို ပြန်လည်လွှဲပြောင်းယူခြင်းမပြုဘဲ အရောင်းအ၀ယ်ပြုလုပ်သည့် စာရင်းထဲတွင် ထားလျှင်လည်း အတိုးရပါသည်။ အဆိုပါအတိုးမှာ ငွေစုစာအုပ်ထဲတွင်ထားသော အတိုးထက် နှုန်းထားပိုသည်ဟု ဆိုပါသည်။ဘဏ်မှပေးပို့လိုက်သော ရောင်းဝယ်မှုအချက်အလက်သည် စတော့အိတ်ချိန်းစင်တာထဲရှိ အလိုအလျှောက် တွက်ချက်ပေးသည် (ကွန်ပျူတာ) စက်ထဲသို့ ရောက်ရှိသွားပြီးသည်နှင့် ရောင်းဈေးနှင့် ၀ယ်ဈေး ကိုက်ညီပါက အရောင်းအ၀ယ်ပြီးမြောက်သည်။ (ငွေဖြစ်လွယ်သည် သဘောပင်ဖြစ်ပါသည်) များပြားလှစွာသောလူများမှ များပြားလှစွာသော ငွေကြေးပမာဏများဖြင့် ရောင်းဝယ်နေကြရာ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် တစ်စက္ကန်အတွင်း ဈေးနှုန်းများ အကြိမ်များစွာ ပြောင်းလဲဖြစ်ပေါ်နေပါသည်။( ၀ယ်လိုအား၊ ရောင်းလိုအားနှင့် ထိန်းညှိပေးထားခြင်းစသော အချက်သုံးချက်စု ဆုံလိုက်သောအခါ ဈေးနှုန်းသည် အချိန်နှင့် အမျှ ဤကဲ့သို့ ပြောင်းလဲနေရခြင်းဖြစ်ပါသည်။)
အရောင်းအ၀ယ် ပြီးမြောက်ပြီးနောက် မိမိရောင်းဝယ်လိုက်သော ဘဏ်နှင့်စတော့အိတ်ချိန်း၏ ငွေစာရင်းရှင်းလင်းရေးဌာနသို့ ချိတ်ဆက်လျှက် ငွေစာရင်းရှင်းလင်းခြင်း၊စတော့ရှယ်ယာရောင်းဝယ်ခြင်းဆိုပါကလည်း စတော့ရှယ်ယာများလွှဲပြောင်းခြင်း စသည်တို့ကို ဆောင်ရွှက်ပေးကြပါသည်။ ထို့ကြောင့် မိမိ ကိုယ်တိုင် ရောင်းဝယ်မှူပြုသည်ထက် အကျိုးဆောင်ပွဲစားများဖြင့် ဆောင်ရွက်ခြင်းက ငွေကုန်အချိန်ကုန် သက်သာစေပါသည်။
ပွဲစားများ ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီမှသာ ပွဲစားဆောင်ရွှက်ခွင့် ရှိကြပါသည်။ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ အရည်အချင်း စစ်ဆေးမှု ခံယူကြရပါမည်။ အောင်မြင်မှသာ ပွဲစားလုပ်ငန်း လုပ်ကိုင်ခွင့်ရကြပါသည်။ ပွဲစားတို့သည် သတ်မှတ်ပေးထားသော ကော်မရှင်ခ (ပွဲခ) ရကြပါသည်။ ပွဲစားများတွင် ကော်မရှင်ခများများပေးရသောပွဲစားနှင့် ကော်မရှင်ခ သက်သာသောပွဲစားများဟူ၍ ရှိကြရာ ပထမတစ်မျိုးတွင် အရောင်းအ၀ယ်များကို ကဏ္ဍအလိုက် စိစစ်ဝေဖန်သုံးသပ်သော ကိုယ်ပိုင်အဖွဲ့များ ရှိကြပါသည်။၎င်းအဖွဲ့များသည် ဈေးကွက်အခြေအနေများကို အချိန်နှင့်အမျှ ဝေဖန်သုံးသပ်လျက်ရှိနေကြပါသည်။ သို့ဖြစ်၍ ဖောက်သည်များကို ရောင်းခြင်း၊ ၀ယ်ခြင်းနှင့် ပတ်သက်၍ အကြံညဏ်များပေးပါသည်။ အချိန်ပေး၍ ရှင်းပြခြင်း၊ ဆွေးနွေးခြင်းပြုကြပါသည်။ ကော်မရှင်ခ (ပွဲခ) များများပေးရပါသည်။
ဒုတိယတစ်မျိုးမှမူ ဖောက်သည်က ဆောင်ရွက်ပေးပါသည်။ ရောင်းရေးဝယ်တာ ကိစ္စနှင့်ပတ်သက်၍ ဖောက်သည်ကို မည်သည့်အကြံညဏ်မျှမပေးပါ။ ကော်မရှင်ခလျှော့ယူသဖြင့် သက်သာပါသည်။
စတော့ရှုယ်ယာများကို တစ်ဦးတစ်ယောက်ချင်းကိုယ်တိုင် ၀ယ်ခြင်း၊ ရောင်းခြင်း ဆောင်ရွှက်နိုင်သော်လည်း မိမိရောင်းမည့် ရှယ်ယာကို ၀ယ်မည့်သူ၊ မိမိလိုချင်သော ရှယ်ယာကို ရောင်းမည်သူအား ကိုယ်တိုင်ရှာဖွေ တွေ့ရှိနိုင်ရန် ခက်ခဲခြင်း၊ တွေ့ရှိသည့်တိုင် ၀ယ်မည်ရော့င်းမည့် အရေအတွက်တူညီရန် ခက်ခဲခြင်း၊ ယုံကြည်ရမူ ရှိ/ မရှိ သိရှိနိုင်ရန် ခက်ခဲခြင်း၊ အရောင်းအ၀ယ်ဖြစ်သည့်တိုင် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် စတော့ရှယ်ယာရောင်းဝယ်ခြင်းလောကတွင် ပွဲစားသည် မဖြစ်မနေလိုအပ်လာခဲ့ပါသည်။
ဘဏ်များ၏ အခန်းကဏ္ဍ
ရင်းနှီးမြှပ်နှံမှူ၊ ရောင်းဝယ်မှုလောကတွင် ဘဏ်များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်သည့်ကို တွေ့ရှိကြရပါသည်။ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများမှာ များသောအားဖြင့် ဘဏ်များသာဖြစ်ကြပါသည်။ ဘဏ်များသည် စတော့အိတ်ချိန်းများနှင့်ရော ကောင်တာဈေးကွက်နှင့်ပါ ချိတ်ဆက်ထားပြီး ငွေချေးသက်သေခံလက်မှတ်များ၊ အများပိုင်ကုမ္ပဏီတို့၏ အစုရှယ်ယာများကို မူလဈေးကွက်အဖြစ်တာဝန်ခံ၍ တစ်ဆင့်ဖြန်ချီရောင်းချပေးကြပါသည်။ ဘဏ်များသည် ရောင်းလို/ ၀ယ်လို သူများအာ ကော်မရှင်ခ (ပွဲခ) ယူ၍ အကျိုးဆောင်လုပ်ငန်းကိုလည်း လုပ်ကိုင်ပေးကြပါသည်။ ရိုးရိုး အကျိုးဆောင်လုပ်ငန်းရော၊ အကြံဥာဏ်ပေးမှူပါသည့် အကျိုးဆောင်လုပ်ငန်းပါ နှစ်မျိုးလုံးလုပ်ကိုင်ဆောင်ရွက်ပေးကြပါသည်။ထို့အပြင် ကိုယ်တိုင်လည်း အရောင်း/ အ၀ယ် ရင်းနှီးမြှပ်နှံမူပြုလုပ်ကြပါသည်။ အချို့ ဘဏ်များမှာ ကိုယ်ပိုင် Fund အဖွဲ့များပင် ထူထောင်ထားကြပါသည်။ ဘဏ်များတွင် တာဝန်ထမ်းဆောင်ကြသော ဈေးကွက် Analysis ပြုလုပ်သူများနှင့် IT ပညာရှင်မျာမှာ လစာအလွန် ကောင်းကြပါသည်။ လုပ်ငန်းများအောင်မြင်သည်နှင့် အမျှ Bonus များလည်း များပြားစွာ ရရှိကြပါသည်။ယခုအခါတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေကြေး ကိုင်ဆောင်လဲလှယ်ခွင့်ပေးခြင်း၊ နိုင်ငံခြားငွေကို နိုင်ငံရပ်ခြားတိုင်းပြည်များနှင့် ငွေလွှဲပိုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ယခုနောက်ဆုံး အများပြည်သူ မည်သူကိုမဆို နိုင်ငံခြားငွေစာရင်း အလွယ်တကူ ဖွင့်လှစ်ခွင်ပြုခြင်းများ ခွင့်ပြုလာခဲပပါသည်။ ဤသည်မှာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ငွေကြေးလုပ်ငန်းများ၊ စတော့အိတ်ချိန်း ပေါ်ပေါက်လာပြီး စတော့ရှယ်ယာ ရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လာနိုင်ပြီဆိုသည့် သဘောပင်ဖြစ်ပါသည်။
ပြည်သူအများ လေ့လာသိရှိအကြံပြုနိုင်ရေးအတွက် ၁၅-၇-၂၀၁၂ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်း ပေါ်ထွက်လာခဲ့ပါသည်။ အဆိုပါ ဥပဒေကို အတည်ပြုပြီးသည့်နောက် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ရေးဆွဲရဦးမည် ဖြစ်ပါသည်။ ပြီးမှသာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်သော လုပ်ငန်းခွင်ဆိုင်ရာများကို ဘဏ်ဝန်ထမ်းများအား သင်ကြားလေ့ကျင့်ပေးနိုင်ပါလိမ့်မည်။ စတော့အိတ်ချိန်းများ ဖွင့်လှစ်ရန်အဆင့်သင်ဖြစ်ချိန်နှင့် ဘဏ်များ၊ တစ်နည်းအားဖြင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများလုပ်ငန်းဆောင်ရွက်ရန် အစစအရာရာ အဆင်သင့်ဖြစ်ချိန်မှာ တစ်ထပ်တည်းလိုလိုဖြစ်ဖို့ လိုမည်ဟုထင်ပါသည်။
OTC ဈေးကွက် သို့မဟုတ် ကောင်တာဈေးကွက်
ဘဏ်များ၏ ကောင်တာပေါ်တွင် (Over the Counter) ရောင်းဝယ်ကြရာမှ စတင်ပေါ် ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ နောက်ပိုင်း သတ်မှတ်ထားသော နေရာမရှိပါ။ စတော့အိတ်ချိန်းများတွင် စာရင်းမ၀င်သေးသော (အများပိုင်) ကုမ္ပဏီများ၏ စတော့ရှယ်ယာများ ရောင်းဝယ်နိုင်ကြပါသည်။ စတော့အိတ်ချိန်းကဲ့သို့ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏ ကြီးကြပ်မှုအောက်တွင် ရှိပါသည်။ စတော့အိတ်ချိန်းများတွင် အရောင်းအ၀ယ်ဖြစ်သည့်နည်းတူ ကောင်တာဈေးကွက်များလည်း ရောင်းကြ၊ ၀ယ်ကြ အရောင်းအ၀ယ်ဖြစ်ကြ ပါသည်။စတော့အိတ်ချိန်းများ၏ သမိုင်းအကျဉ်း
UK နိုင်ငံ လန်ဒန်စတော့ရှယ်ယာ အရောင်းအ၀ယ်ဈေးကွက်ကို (၁၇) ရာစု ကုန်ခါနီးတွင် စတင်ခဲ့သည်ဟုဆိုပါစည်။ သို့ရာတင်ွ ၁၇၇၃ ခုနှစ်တွင်မှ တရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဗြိတိသျှအင်ပါယာမှာ ထိုခေတ်ထိုအခါက နေမ၀င်အင်ပါယာဟု တင်စားခံရလောက်အောင် ကြီးမားကျယ်ပြန့်သည်ဖြစ်၍ စတော့အရောင်းအ၀ယ် ဈေးကွက်သည်လည်း ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးဖြစ်ခဲ့ပါသည်။ ယခုနှောင်းပိုင်းခေတ်၌ ဈေးကွက်အကျယ်ပြန့် အထွန်းကားဆုံး နယူးယောက် စတော့အိတ်ချိန်းကို ၁၇၉၂ ခုနှစ် မေ ၁၇ ရက်တွင် Wall Street လမ်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဂျပန်နိုင်ငံ တိုကျိုစတော့အိတ်ချိန်းကိုမူ ၁၈၇၂ ခုနှစ်က တည်ထောင်ခဲ့သည်ဟု သိရှိရပါသည်။ကမ္ဘာပေါ်တွင် စတော့အိတ်ချိန်းများ စတင်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ကျော်ခဲ့ပြီးဖြစ်သော်လည်း ယနေ့ခေတ်အချိန်ခါကဲ့သို့ နေ့စဉ်ငွေကြေးတန်းဖိုး ကုဋေပေါင်းများစွာ အရောင်းအ၀ယ် ပြုလုပ်လာကြသည့်မှာ ဆယ်စုနှစ်အနည်းငယ်မျှသာ ရှိပါသေးသည်။ ဤအခြေနေသို့ရောက်အောင် ဦးဆောင်ကြိုးပမ်းသူမှာ အမေရိကန်နိုင်ငံ နယူးယောက်စတော့အိတ်ချိန်းကို အခြေပြု၍ စတော့ရှယ်ယာ အရောင်းအ၀ယ်လုပ်ငန်း ပွဲစားအလုပ်ကို လုပ်ကိုင်ခဲ့သည့် “ ချားလ်စ်အီမာရီးလ်” ဆိုသူပင် ဖြစ်ပါသည်။
စတော့အိတ်ချိန်းများ၏ အရေးပါပုံနှင့် အကျိုးကျေးဇူးများ
တိုင်းပြည်တစ်ပြည်၏ စီးပွားရေးအခြေအနေကို ထိုတိုင်းပြည်ရှိ စတော့အိတ်ချိန်းများ၏ ရောင်းဝယ်မှုအခြေအနေများအား ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။ (၁၉၂၉-၁၉၄၁) ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် စတော့ဈေးကွက် အပြိုအလဲမှ စတင်ခဲ့သည်ဟုလည်းကောင်း၊ ၁၉၉၇ အရှေ့တောင်အာရှ ငွေကြေးအကြပ်အတည်းသည် ဒေါ်လာငွေနှင့် ဒေသခဲငွေကြေးများ လဲလှယ်ရောင်းဝယ်ကြရာမှ စတင်ခဲ့သည်ဟု လည်းကောင်း သိရှိမှတ်သားခဲ့ရဖူးပါသည်။ သို့ပါ၍ ဈေးကွက်အသီးသီးကို စနစ်တကျ ထိန်းညှိဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။မည်သို့ပင် ဆိုစေကာမူ ဈေးကွက်အသီးသီးတွင် ၀င်ရောက်ရောင်းဝယ်ရင်းနှီးမြှပ်နှံကြသူများအဖို့ ဈေးကွက်အသီးသီးမှ အသီးအပွင့် အကျိုးအမြတ်များကို ခံစားရရှိရမည်မှာ သေချာပါသည်။
စတော့အိတ်ချိန်းများသည် အောက်ပါအကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါသည်။ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်း ၍ အများပြည်သူသို့ စတော့ရှယ်ယာများ ထုတ်ဝေရောင်းချခြင်းအားဖြင့် ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် လိုအပ်သောအရင်းအနှီများကို အကုန်အကျသက် သာစွာ ရရှိနိုင်ပါသည်။
အများပိုင် ကုမ္ပဏီများမှ ရရှိလာသော အရင်းအနှီးများဖြင့် လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ကြရာ ပြည်သူလူထုအတွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေပါသည်။ ပြည်သူလူထုအတွင်း၌လည်း ရင်းနှီးမြှပ်နှံမူလုပ်ငန်း အသစ်များပေါ်ပေါက် လာစေပါသည်။ ပင်စင်စားများနှင့် သင့်လျော်သော ဈေးကွက်၊ အ့ရင်းအနှီးနည်းပါးသူများနှင့် သင့်လျော်သော ဈေးကွက်များလည်း အသီးသီးရှိကြပါသည်။
ထိန်းကျောင်းပဲ့ကိုင်မှူ စနစ်ကောင်းသည်နှင့်အမျှ လိမ်လည်မူများလည်း ကင်းဝေးမည်ဖြစ ၍ စိတ်ချလက်ချ တရားဝင်ရောင်းဝယ် ရင်းနှီမြှပ်နှံ နိုင်ကြမည်ဖြစ်ပါသည်။
ပြည်သူလူထုအနေဖြင့် ဈေးကွက်အသီးသီးတွင် ၀င်ရောက်ရင်းနှီးမြှပ်နှံလာမူကြောင့် ငွေဖောင်းပွမူကို လျော့ကျစေပါသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ၏ ရှယ်ယာများကို ဈေးကွက်အတွင်း ထုတ်ဝေရောင်းချခြင်းအားဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သော အရင်းအနှီးကို ပြည်သူလူထုထံမှ လွယ်ကူစွာ ရရှိစေနိုင်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခွန်ငွေတိုးပွားလာမည်ဖြစ် ၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် လူနေမူအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ပါသည်။ များမကြာမီ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းများ ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။
စတော့အိတ်ချိန်းများသည် နိုင်ငံတစ်နိုင်ငံတွင် ရှိသင့်ရှိထိုက်သော အရာများပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအတွက်ရော အများပြည် သူတို့အတွက်ပါ လွန်စွာအကျိုးများစေသည့် အရာများလည်း ဖြစ်ပါသည်။ ကမ္ဘာ့ရွာစီးပွားရေး လောကအတွင်းသို့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများပါ ပါဝင်ခွင့်ရသွားသည့် သဘောပင်ဖြစ်ပါသည်။
ရောင်းခြင်း၊ ၀ယ်ခြင်း ရင်းနှီးမြှပ်နှံခြင်း စသည့် ပညာရပ်များ၊ ဆုံးရှူံးနစ်နာနိုင်ခြေကို ကာကွယ်နိုင်သည့် နည်းလမ်းများသည် ပညာရပ်များ သည် ပညာရပ်များအနေဖြင့် ရှိနေပါသည်။ စတော့အိတ်ချိန်းများပေါ်ပေါက်လာပါက ဤလောကအတွင်းသို့ ၀င်ရောက်မည်ဟု မျှော်မှန်းထားကြသူများအဖို့ အထက်ပါပညာရပ်များကို ယခုကတည်းက ကြိုတင်လျှက် လေ့လာဆည်းပူးထားသင့်ပါပြီးဟု အကြံပြုအပ်ပါ သည်။
GPS robot [10x increase of the deposit sum]
ReplyDeleteI just got done with a webinar with Mark and his partner, Antony, two days ago and it was AMAZING.
During the webinar MARK and ANTONY shared their secrets to success and answered questions about their new version of the GPS Forex Robot that IS COMING OUT TODAY!