နိုင်ငံတကာနှင့် မြန်မာ့ ရွှေ ငွေကြေး ဈေးကွက်တွင် ဝင်ရာက်လိုသော သူများ၊ ပြည်တွင်းမှနေပြီး ရွှေ၊ ငွေကြေးနှင့် စတော့
ဝယ်ရောင်းလုပ်လိုသော လုပ်ငန်းရှင် များနှင့် အကျိုးဆောင် ကြီးများ၊
လက်တွေ့ လုပ်ဆောင်နိုင်ရန်နှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူ နားလည်
တတ်ကျွမ်းစေရန် ရည်ရွယ်လျှက် Myanmar Golden Link မှ "ရွှေ၊ ငွေကြေးနှင့်
စတော့ ရှယ်ယာ အရောင်းအဝယ် (Online) လက်တွေ့ ပြုလုပ်နည်း (အခမဲ့)"
သင်တန်းကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့မှ (၁၄) နေ့ထိလည်ကောင်း
ရန်ကုန်မြို့၌ လည်းကောင်း၊ သြဂုတ်လ (၁၈) ရက်နေ့မှ (၂၁) နေ့ထိ မန္တလေးမြို့၌
လည်းကောင်း၊ ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရပါသည်။
သင်ကြားပို့ချပေးမည့်ဘာသာရပ်များမှာ
အွန်လိုင်း အသုံးပြုလျှက် နိုင်ငံတကာ ရွှေ၊ ငွေကြေး ဈေးကွက်တွင် ရောင်း/ဝယ်ခြင်း
Introduction to Electronic Financial Trading ( Online Gold Trading)
ရွှေ၊ ငွေကြေး နှင့် စတော့ရှယ်ယာများ ရောင်း/ဝယ်ခြင်း မိတ်ဆက်
Introduction to Share Trading
CFDs နည်းအသုံးပြုပြီး ရွှေ၊ငွေကြေး ရောင်းဝယ်ခြင်း
Introduction to CFDs
နိုင်ငံတကာ ငွေကြေးများ ရောင်း/ဝယ်ခြင်း
Introduction to Forex Trading( Currency Trading)
စသည့် ဘာသာရပ်များကို စာတွေ့/ လက်တွေ့ သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရပါသည်။
သင်တန်း တက်ရောက်မည့် သူများသည် အွန်လိုင်း အင်တာနက် အသုံးပြုတတ်သူများ ဖြစ်ရန် လိုအပ်ပြီး
သင်တန်း တက်ရောက်ရာတွင် အင်တာနက်ပါ အသုံးပြုနိုင်သော ဖုန်း (သို့) တက်ဘလက် (သို့) လက်တော့ပ် ယူဆောင်လာရန် လိုအပ်ပါသည်။
သင်တန်းသားများ ထဲမှ လက်တွေ့ စမ်းသပ် လုပ်ကိုင်လိုသူများကို
Demo Trade Account ဖွင့်ပေးခြင်း၊
အမှန်တကယ် အရောင်းအဝယ်လုပ် လိုသူများကို
Real Time Trade Account ဖွင့်ပေးခြင်းများ အခမဲ့ ဆောင်ရွက်ပေးပါမည်။
တန်းခွဲတစ်ခုလျှင် လူဦးရေ (၁၅) သာ လက်ခံမည်ဖြစ်ပါ၍ ကြိုတင် စာရင်းပေးသွင်း ထားရန် လိုအပ်ပါသည်။
အသေးစိတ် သိရှိလိုလျှင် သော်လည်းကောင်း၊ စာရင်းပေးသွင်း လိုလျှင်သော်လည်းကောင်း
Myanmar Golden Link (ရန်ကုန်) ၀၉-၇၃၀ ၅၀ ၃၇၀
Myanmar Golden Link (မန္တလေး) ၀၉ ၂၅၉၁၁ ၆၅၉၂
Hotline ၀၉ ၂၅၄၂ ၄၁၄၇၃
သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါသည်။

No comments:
Post a Comment